Monday, June 15, 2009
လုံမရဲ့အကြည့် နေထိတဲ့ပန်းပါပဲ။
ညှိုးရော်ဆဲအပြုံးဟာ
ပြည့်ဝပါပေရဲ့။
စောင့်စားသူနေပူမှာရပ်လို့
မင်းကိုစောင့်ဖို့ငါအသက်ရှင်တယ်။
သစ်ပင်၊တောတောင်၊နေရောင်
ငါ့သခင်အောင်နိုင်တယ်။
ဘယ်သူငြင်းမလဲ အိုအချင်းတို့
အို…အမျိုးကောင်းသားတို့
ငါ့အားခွင့်လွတ်ကြပါလေ။
အချစ်စေကျွန်ဖြစ်တယ်။
ဇာမဏီငှက်ရဲ့တင့်တယ်ခြင်းဖြင့်
ကြယ်ပွင့်တို့ကိုနွံဉ်နစ်စေသူ…
ချစ်ခြင်း၊ မုန်းခြင်း၊ ဥပေက္ခာနဲ့ခံယူမှု
ပန်းနုကျောက်ဆစ်အသွင်
မြင်သူတိုင်းအားအကြည့်ဖြင့်သိမ်းပိုက်သူ။
No comments:
Post a Comment