Thursday, August 27, 2009

(၁၁) ကောက်ကြောင်းမဲ့ပုံတူ - တစ်

နွေရာသီရဲ့ညနေခင်းလေးတစ်ခုပေါ့။ချစ်သူကိုစပြီးတွေ့ဆုံခဲ့တာပါ။
ပုစ္ဆာမဆန်ပါဘူး။ပဟေဋ္ဌိမရှိပါဘူး။ချစ်သူကိုရိုးစင်းစွာတွေ့ဆုံခဲ့ခြင်း
ဖြစ်ပါတယ်။နောက်နေ့တွေကျတော့ ကျွန်တော်ဟာ ချစ်သူကိုစပြီး
တွေ့ဆုံခဲ့ရတဲ့နေရာလေးဆီ မျှော်နေမိပြန်သည်။ပင့်သက်ကိုနင့်နေ
အောင်ရှိုက်ရင်း ချစ်သူမမြင်နိုင်တဲ့အကွယ်ကလေးကနေ ချစ်သူရဲ့
ရွေမျက်နှာလေးကိုငေးကြည့်နေမိသည်။ချစ်သူမျက်နှာကိုအလင်္ကာ
လိုဖတ်ရင်း ကျွန်တော်ချစ်တဲ့လေပြည်လေညှင်းများစွာဟာ ပန်းရနံ့
အသစ်တွေဖွင့်လှစ်ယူဆောင်လာကြတယ်။သူ့ကိုသိပ်ချစ်တယ်ဆိုတါ
ကတော့သေချာလွန်းမကသေချာခဲ့ပါတယ်။ချစ်သူကတော့ကျွန်တော့်
ကိုသိမည်တောင်မထင်ပါဘူး။သိခဲ့မည်ဆိုလျှင်တောင် လေထဲမှာလွင့်
ဝဲပြီးပါလာတဲ့ဆပ်ပြာပူဖောင်းလေးတလုံးလိုပဲကျွန်တော့်အပေါ်သဘေါ
ထားမှာပါ။ အာငွေ့နဲ့ဝိုင်းမှုတ်လို့ပူဖောင်းလေး ''ဖောင်း''ခနဲစုတ်ပြတ်
သွားခဲ့ရင်လက်ခုပ်များတီးဦးမလားမသိ။ချစ်သူစီးနင်းထားတဲ့ အဲဒီနေ့
ရက်တွေမှာ ကျွန်တော်ဟာရွေအတိပြီးတော့အိပ်မက်တွေကိုပဲ ထပ်ခါ
တလဲမက်နေခဲ့တာပါ။ခေတ်အဆက်ဆက်နာမည်ကြီးလာခဲ့တဲ့ အဲဒီ..
အချစ်အပေါ်သူ့နဲ့တွေ့ပြီးချိန်မှ ကျွန်တော်အရူးအမူးတွယ်ဖက်မိတယ်။

Sunday, May 24, 2009

No comments:

Post a Comment