Sunday, August 30, 2009

(၄၅) စံပယ်ဖြူအတွက်

ခြေလှမ်းတွေ ရည်နေခွင့်
သူ့ အနားမှာ တည်နေခွင့်ကို
ရင်ဖွင့်လို့ မျှော်နေစိတ်တွေနဲ့ထိတ်နေရှာ
ရင်ကိုဖိပါလို့
အရိပ်အခြေလေးသာမြင်လိုသိရယ်ကြောင့်
ခပ်လှမ်းလှမ်းကရှိနေချင်
နှောင့်ယှက်တယ်လို့ထင်လေမလား။
မြင်နေရင် သူမကြည့်
ကြည့်နေရင် သူမမြင်
ခင်တွယ်ရာ သူမရှိ
သူရှိရာ ကိုယ်ခင်တွယ်
အို....ရင်နွယ်မှာအပူညှိခဲ့ပေါ့။
သူ သိလေမလား။
မသိသေးပေမယ့်
အကြည့်ကလေးတွေထဲမှာတောင်
ကိုယ်ထင်တွေမပြမိအောင်လို့
သတိတွေဆောင်နေရတယ်သူ။
ဖွင့်ပြောချင်နှုတ်စကားကိုလဲ
ဆုပ်ကိုင်ကာ တစ်သက်သိမ်းလျက်
ရက်ချိန်းတွေ တရွေ့ ရွေ့ ရွေ့ကာ
ကွေ့ရှောင်မည်ပေါ့ ထာဝစဉ်
အလှကြည့်နေရတာကိုပဲ
ဘ၀ရဲ့အရာများစွာပြည့်စုံနေတယ်ဆိုပါတော့။

No comments:

Post a Comment