Wednesday, August 26, 2009

(၅) တွယ်ရာမဲ့မိုးတိမ်များ

စံပယ်ဖြူရေ...
နင့်အပြုံးလေးတွေ အဝေးကခိုးကြည့်ငေး
ဒီလိုနဲ့ပဲ..... တစစဝေးရတော့မလား။
စကားတစ်ခွန်း ပန်းပေါင်းရာထောင်ဝေ
တွေဝေတိတ်ဆိတ် တခြမ်းပဲ့နေ့ညတွေ
အားတင်းထားတဲ့ရင်တွင်းစကား
နင့်ရှေ့ကိုရောက်မှ
ခြေလှမ်းတွေအခါခါမှားလို့
ရင်ထဲမှာဖွင့်မပြောသာ
မြိုသိပ်ခဲ့စကားလုံးများစွာ
စံပယ်ဖြူ...နင်သိမျက်ဝန်းအကြည့်တွေ
ဘာသာစကားကင်းမဲ့စွာတည်ဖွဲ့နေခဲ့
ခံစားမှုအသစ်ပျော်ဝင်မူးယစ်
နေမြင့်အရူးရင့်
ဒီလိုနဲ့ပဲ.....
ဘ၀ကိုအသားမာတက်စေခဲ့ကြ။
အလွမ်းရောင်ရင့်ရင့်
အိပ်ရေးပျက်အခန်းကျဉ်းထဲ
အရေခွံထူနေတဲ့ညနေ
ကြယ်တွေကြွေမှာကိုစောင့်ကြည့်ရင်း
ခလုတ်တိုက်မိတဲ့အပြုံးချိုချိုတွေ
ဘ၀ဟာမာယာများသတဲ့။
စံပယ်ဖြူရေ...သတိရမိတဲ့အခါ
ကောင်းကင်ကြီးကိုမော်ကြည့်မိတာဘာကြောင့်များပါလဲ။

No comments:

Post a Comment