Wednesday, August 26, 2009

(၆) တေမိမိုး

အချိန်တွေကြာခဲ့ပြီပဲ ။
ဘယ်နှရာသီစာ ထပ်ပြီးစိုက်ပျိုးရဦးမလဲမသိ
ဝေးဝေးကခိုးကြည့်ခဲ့ရတဲ့ညနေတွေ
အလွမ်းတွေဖွာလန်ကြဲနေပုံများပြောပါတယ်။
တေလေတစ်ယောက်ရဲ့ဂျင်းဘောင်းဘီအနားစလို
မျှော်လင့်ချက်ဆိုတာ တနံတလျားရှည်လျား
ပုစ္ဆာအမှားတွေပဲချချတွက်နေမိခဲ့
ခေတ်အဆက်ဆက်လူပြောများခဲ့တယ်''အချစ်'' တဲ့။
အိပ်ရာဝင်ပုံပြင်တပုဒ်လို ကောက်ဖတ်
ငါ့အတွက်တော့အရိုင်းဆန်လွန်းနေတယ်။
အတူမဆုံနိုင်သောနေ့ရက်တွေ
သက်ပြင်းမောတွေခဏခဏကြွေကျ
ဖွင့်ပြောခွင့်မရသောအခြေနေထဲမှာ
ရင်ထဲစကားတွေသိုသိပ်ကြိတ်မှိတ်ရင်း
အလွမ်းဆိုတာလဲ ရင်းနှီးကျွမ်းဝင်ဖူးခဲ့ပြီစံပယ်
ငါ...ဘာကိုစောင့်နေမိတာလဲ။

No comments:

Post a Comment