Thursday, August 27, 2009

(၁၃) အုံ့ပုန်းချစ်နဲ့ လူတစ်ယောက်အကြောင်း

Friday, May 29, 2009

စံပယ်ဖြူ...
နေ့တိုင်းလွမ်းရ၊ တမ်းတအိပ်မက်
ညစဉ်ဆက်လို့၊ မနက်ဖြန်မှာ
ဆုံတွေ့လာမယ့်၊ ခဏတာကို
ကြိုလင့်ရင်ခုန်၊ အချိန်ကုန်ခဲ့
သည်ညထဲမှာ...
ကဗျာဖွဲ့ရင်း မိုးလင်းမြဲ...။

စံပယ်ဖြူ...
လွမ်းတိုင်းဖွဲ့ရေး၊ ကဗျာလေးတွေ
ပေးချင်ပါလဲ၊ မပေးရဲခဲ့
သိမ်းဆည်းမြိုသိပ်၊ အချစ်စိတ်များ
ကြားစေချင်လဲ၊ မပြောရဲရ်ျ
တစ်နေ့တစ်နေ့၊ ဆွေးမြေ့ခိုးငေး
ဘ၀လေးမှာ...
အုံ့ပုန်းချစ်နဲ့လူဖြစ်လာ...။

ဦးမဲ့ရဲ့အုံ့ပုန်းချစ် ကိုထပ်တူထပ်မျှခံစားမိတယ်။

No comments:

Post a Comment