Wednesday, August 26, 2009

(၈) ဒီလိုခံစားမိတယ်။

အချစ်ဆိုတာ တိုက်ပွဲတစ်ခုဆိုပါတော့။
တဘက်သတ်အချစ်ဆိုတာ မစသေးခင်ကတည်းက
ရှုံးပြီးသားဖြစ်နေတဲ့စီးချင်းထိုးပွဲတစ်ခုပါပဲ။
ပေးဆပ်ခြင်းလား၊ ရယူခြင်းလား၊
ပိုင်ဆိုင်ခြင်းလား၊ စွန့်လွတ်ခြင်းလား၊
တိတ်တိတ်လေးချစ်နေခဲ့တာလား၊
ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ
အဓိပါယ်ဖွင့်ဆိုချက်တွေအများကြီးထဲက
ကင်းလွတ်နေတဲ့ အဖြူရောင်ပန်းလေးတစ်ပွင့်သာဖြစ်တယ်။

No comments:

Post a Comment