Thursday, August 27, 2009

(၂၄) နှစ်

Monday, June 15, 2009
ဆောင်းဦးပေါက်ညများရဲ့
ပွင့်ဦးစံပယ်ဖြူဟာ၊ ငါ့သခင်မ
ငါ့ဘ၀ရဲ့ ကိုယ်ပွားအသက်ပါ။
မင်းဘ၀နဲ့ငါရှင်သန်တယ်။
ပျိုရွယ်ခြင်း၊ ချိုမြတဲ့အဆိပ်
အိပ်ရာဝင်ပုံပြင်ထဲက
နတ်သမီးတပါးရဲ့အလှကိုငါမှတ်မိခဲ့ပြီ။
ဒီဇင်ဘာမှာနှင်းကျတယ်
တလလုံးပါပဲ။
ပထမဆုံးနှင်းပွင့်ကတော့သူပေါ့ကွယ်။
ဆွတ်ဆွတ်ဖြူဖြူ၊ ငန်းမွေးတောင်အသွင်တူသော
နူးညံ့ချောနုခြင်းနဲ့ ငါ့ရဲ့အသက်
အိပ်မက်အပြုံးရှင်ပေါ့၊ သူ….’’ စံပယ်ဖြူ’’ လေ။

No comments:

Post a Comment