Sunday, August 30, 2009

(၄၇) စာသံပေသံပါတဲ့ ၀တ္ထု

ကောင်မလေးက ကျွန်တော့်ကို ကြည့်၏။ စပယ်ကြည့်ဆိုတာမျိုး ဖြစ်လိမ့်မည်။
ကြည်နူးချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။ကျမ်းအို တစ်အုပ်ကို ဖတ်ရင်း...
စပယ်ကြည့်ကို စပါးကြည့်ဟု ရေးထုံးရှိကြောင်း သိလိုက်ရသည်။ ကျွန်တော့်
စိတ်ထဲမှာစိုးစိုးဆစ်ဆစ် ဖြစ်သွားသည်။ စပယ်ဆန်သော အကြည့်ဟုမမြင်တော့။
တော့တင်ဟမ် စပါးသင်းဘက်မှ ဘောလုံးသမားများက ကိုယ့်ကို ခါးထောက်
်ကြည့်နေသလို ခံစားလိုက်ရသည်။ စပါးကြည့်ဟု ဆိုပေတာကိုး။
ညာတာပါတေး ကောင်မလေးတစ်ယောက် ကျွန်တော်နှင့်ဝေးသွားသည်။
ညကြီးမင်းကြီးမှာ သူ့ကို သတိရ၏။ သူကတော့ ကျွန်တော့်ကို သိမည်မထင်
်ပါ။ထိုသို့စဉ်းစားမိတော့ ကျွန်တော် ညွတ်ပတ် ညွတ်ပတ် ဖြစ်လာသည်။
ညီညာဖျဖျ အော်ခေါ်ပေးကြပါဦး။

““တစ်...””
““နှစ်...””
““သုံး...””
““ဟေး...တစ်ခါတုန်းက စပယ်ကုံး...””
ဟက်တက်ကွဲခွင့်ပြုပါ။ အက်နေရတာကြီးကို စိတ်ညစ်လွန်းလို့။ ဟက်တက
်ကွဲခွင့်ပြုကြပါ။ ဘယ်လို အခြေအနေမှာမှ ဟောင်ဖွာ ဟောင်ဖွာ မလုပ်ခဲ့ပါဘူး။
ဘယ်တုန်းကမှလည်း ဟန်ကျပန်ကျ မရှိခဲ့ဘူး။

ဖြူ said...
တစ်ခါတုန်းက စပယ်ကုံး...တစ်ကုံးဘယ်လောက်တုန်း
Be happy !!
AUGUST 13, 2009 6:57 AM

No comments:

Post a Comment