Saturday, October 17, 2009

(၆၃) မျှော်လင့်ချက်

ငါ့မျက်လုံးတွေကို ဖွဖွမှိတ်ပြီး နင့်နာမည်ကိုတီးတိုးရွတ်ဆိုကြည့်မိတဲ့အခါ
နှင်းမုန်တိုင်းတွေသည်းတဲ့အထဲ ပန်းလေးတပွင့်လူးလွန့်ရှင်သန်လာသလို
မျိုး မျှော်လင့်ချက်ဟာ လူးလွန့်လို့။
လွမ်းတယ်။ဒါ... တကယ်ပဲလား။ကောင်းကင်ကအလျားဆန့် အလွမ်းတွေ
အတောင်ပံဖြန့်ရင်း ငါ...၀ဋ်တစ်ခုကို တစ်ကနေစရေခဲ့ပြီ။

(၆၂) ညကဗျာ

လူသူကင်းမဲ့သောလမ်းပေါ်တွင် တစ်ယောက်တည်းလျှောက်ရင်း မြေပေါ်မှ ကျောက်ခဲလေးကို
ခြေတောက်နှင့်လှိမ့်ကန်ခဲ့ဖူးသည်။လမ်းဘေးအုတ်ခုံမှ ဂီတာသံသဲ့သဲ့ကြားသောအခါမည်သည့်
သီချင်းများလဲဟု မသိမသာနားစွင့်မိဆဲ...ပန်းလေးတစ်ပွင့်ကို အမျိုးအမည်မတပ်ပဲ ချစ်ချင်ခဲ့
သည်။ဂျာကင်အိတ်ထဲလက်နှိုက်ရင်း တစုံတယောက်အကြောင်းစဉ်းစားရသည်မှာ ကိုယ်တစ်
ယောက်တည်းမှာရှိသည့်အမူအကျင့်မှ ဟုတ်ပါရဲ့လား။
ညဥ့်သန်းခေါင်ယံမှအိမ်ပြန်လာကြသောတေလေတသိုက်ဧ၊် ၀ါးကနဲရယ်လိုက်သံကိုကြားလိုက်
ရသည်။မအိပ်ချင်သေး..အိပ်လျှင်အိမ်မက်ကလှမည်လား။ညကလှသည်။လရောင်ကလှသည်။
မကြားချင်ဘုကိုယ်ကငြင်းဆန်ရ်ျမရလောက်အောင်နာရီသံချောင်းခေါက်သံကပျံ့လွင့်လာသည်။
သူအလွန်ဆုံးခေါက်နိုင်လျှင် ဆယ့်နှစ်ချက်ပဲဟုဆိုကာ မြူလိုဝေရင်း ကိုယ်နားထောင်ခဲ့သည်။
ဒုက္ခနဲ့တစ်ခါကြုံတိုင်း ချစ်သူလက်ကလေးကိုတစ်ခါကိုင်ချင်သည်တဲ့။အိုမာခယမ်ကပြောသည်။
ကိုယ့်ဘက်ကလည်းပြန်ပြောမည်လေ။ချစ်မိသူဆိုတာလောကမှာစစ်အရှုံးဆုံးသောသူပါ။ပြီး....
နှစ်ယောက်သားရယ်မောကြမည်။ခွေးလေခွေးလွင့်တစ်ကောင်ကသာ ကိုယ်တို့နံဘေးမှာရှိနေ
မည်ဆိုလျှင်ကိုယ်တို့ ထိုခွေးကိုနည်းနည်းတော့အားနာကြမည်။
လူငယ်ဘ၀၊လရောင်ညတွေ အို...ဝေစမ်းပါစေလေ။ချစ်သူရေ...အချစ်ဆိုတာ မည်သူမဆိုတူး
ဖော်လို့ရနိုင်တဲ့ ကမ္ဘာဦးကဓားတစ်လက်ပါပဲ။သံချေးတက်နေတဲ့ပန်းကနုတ်ကိုတော့ တို့တွေ
ဖုတ်သုတ်ပြီးမှဖတ်ရလိမ့်မယ်။အချစ်ဆိုတာ ပျော်စရာကိုမျှဝေခံစားချင်တယ်။ငိုစရာကို ကိုယ်
တစ်ယောက်တည်းသာ အကုန်ယူလိုက်မည်။က်ျနေရာတွင်တော့ အိုမာခယမ်နှင့်ကိုယ်သဘော
ထားကွဲလွဲခဲ့သည်။ဗီးနပ်စ်ရုပ်တုကို တစ်နေ့နေ့မှာများ ကိုယ်ရနိုင်ပါမည်လား။သူမဧ၊်ကျိုးအက်
လက်ဟာနေသောဘယ်ဘက်ရင်အုံတွင်မမြင်ရသောကဗျာတပုဒ်ရှိမည်ထင်ပါသည်။မမြင်ရမှန်း
သိလျက်နဲ့မြင်ရနိုးနိုးသူ့ကာရန်တွေကိုယ်ခိုးမိလိမ့်မည်။
အို...ဗီးနပ်စ်
အို...အချစ်နတ်သမီး
နတ်ဒေ၀တာတပါးမဆန်စွာ ဘီလူးရစ်သမ်နှင့်ကိုယ့်အိပ်မက်ကိုသူ...စီး...ခဲ့...လေ....ပြီ။

(၆၁) .........

တိမ်တိုက်တွေလောင်ကျွမ်းနေကြပေါ့
တလျှောက်လုံးရူးခဲ့တဲ့ကောင်
တချက်တည်းနဲ့ ထပ်မံရှုံးနိမ့်
ရိုးသားမှုအခန်းထဲမှာ အဖော်မဲ့စွာမူးလဲ
ဝေဒနာအတိုအစတွေလည်း ရင်ခွင်အနှံ့မှာ
ဝုန်းဒိုင်းကြဲလို့
ပေါက်ကွဲ...ဆွေးမြေ့...ပြီးတော့ အလူးလူးအလိမ့်လိမ့်
အချစ်ရေ...
သီချင်းအသေတပုဒ်အတွက် ကိုယ် ယဉ်ကျေးခဲ့ပါတယ်။

(၆၀) အလွမ်းရိပ်ဝေ

စပယ်ပွင့်လေး
ခိုးငေးရင်ခုန်
တနေကုန်ခဲ့
စုံလင်ချစ်ကြောင်း
ပြောခွင့်တောင်းရန်အကြောင်းမဖန်
အတန်တန်မြိုသိပ်
အလွမ်းရိပ်ဝေ

Sunday, October 4, 2009

(၅၉) မီးတောက်ရစ်သမ်အပိုင်းအစများ

ငါ့ကိုသတ်.. ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။
ဝိုင်ယာကြိုးတွေ
`ထောင်း´ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ခြည်း မှောင်အတိကျသွားတဲ့
`အန္ဓ´တို့ရဲ့အိမ်အိုမှာ..
တေလေပီသစွာ.. ငါနေတယ်။
တိတ်ဆိတ်.. ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
`................´ကိုချစ်တယ်... လို့
ဘယ်ဆီဘယ်ဝယ်.. ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ...။
`အုံ့ပုန်းချစ်´ သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ..လို့
အက်ကွဲနေတဲ့ မက်ဒလင်ကြီးက...
ငါ့ကိုပြောပြတယ်။
အဲဒီလိုနဲ့...
မိုးကိုဆန့်မြှောက်ထားတဲ့
မမီနိုင်သောကမ်းလက်တွေဟာ
ဟိုး... တုန်းကလိုပဲ
ငါ့ဆီမှာ... မြေမှုန်တွေ စွန်းထင်းလျက်ပါပဲလေ..။

(၅၈) အမှတ်တရကဗျာလေးတပုဒ်

ခြေလှမ်းတွေ ရည်နေခွင့်
သူ့အနားမှာတည်နေခွင့်ကို
ရင်ဖွင့်လို့မျှော်နေစိတ်တွေနဲ့ ထိတ်နေရှာ
ရင်ကိုဖိပါလို့ အရိပ်အခြေလေးသာမြင်လိုသိရယ်ကြောင့်
ခပ်လှမ်းလှမ်းက ရှိနေချင်
နှောင့်ယှက်တယ်လို့ထင်လေမလား။
မြင်နေရင် သူမကြည့်
ကြည့်နေရင် သူမမြင်
ခင်တွယ်ရာ သူမရှိ
သူရှိရာ ကိုယ်ခင်တွယ်
အို...ရင်နွယ်မှာအပူငြိခဲ့ပေါ့
သူသိလေမလား။
မသိသေးပေမယ့် အကြည့်ကလေးတွေထဲမှာတောင်
ကိုယ်ထင်တွေမပြမိအောင်လို့
သတိတွေဆောင်နေရတယ်...သူ။
ဖွင့်ပြောချင်နှုတ်စကားကိုလဲ
ဆုပ်ကိုင်ကာ ရင်ထဲသိမ်းလျက်
ရက်ချိန်းတွေတရွေ့ရွေ့ ရွေ့ကာ
ကွေ့ရှောင်မည်ပေါ့ ထာဝစဉ်
အလှကြည့်နေခွင့်ရတာကိုပဲ
ဘ၀ရဲ့အရာများစွာပြည့်စုံတယ်ဆိုပါတော့။