Thursday, August 27, 2009

(၁၀) အမည်မဲ့

တွယ်ရာမဲ့စိတ်ဝိဥာဉ်တွေ
တောင်အရပ်ကလေညှင်းနဲ့အတူ
ရှင်းသန့်ကြည်လင်ကောင်းကင်ပြင်ထဲမှာ
လေတံခွန်လေးတွေလိုတင့်တယ်လို့
ချစ်သူအပြုံးများစွာကို သယ်ဆောင်လာတဲ့
လေပြည်လေညှင်းတွေဟာ
ရင်ခွင်အရပ်ဆီ ဆောင်ယူလာခဲ့တယ်။
အသစ်အသစ်သောခံစားမှုတွေမှာ ကျွန်တော်ပျော်ဝင်ရင်း
အချစ်ဆိုတဲ့အလင်းနှစ်တစ်ခု
ကျွန်တော့်ကိုကျွမ်းလောင်အစပြုနေခဲ့တယ်။

saturday.may 23 , 2009

No comments:

Post a Comment