Friday, May 29, 2009
နားလည်ပါကလေး...
အဝေးကအချစ်
အသွေးအသက်မက
ဘ၀တစ်ခုလုံးအတွက်
လက်တွဲဖို့ရွယ်စူး
အရူးအမူးစိတ်ကူးနဲ့
ရင်ထဲမှာအချစ်ဆူးလေးစူးနေတာ...။
နားလည်ပါကလေး...
ဖွင့်ပြောခွင့်ဝေးတဲ့ဘဝ
အစစအရာရာချင့်ချိန်
အိပ်မက်လေးနဲ့ကျေနပ်
မြတ်နိုးခြင်းရလဒ်ကအလွမ်း
တမ်းတခြင်းကဗျာရှည်
စံပယ်ဖြူရေ...
ဖွဲ့သီခွင့်ပေးလှည့်ပါ...။
Ubmpnsy
No comments:
Post a Comment