Thursday, July 29, 2010

(၉၁) တဖက်သတ်

တဖက်သတ်မို့ပါ
ဖွင့်ဟချင်ပေမယ့် နားထောင်သူမရှိခဲ့
တဖက်သတ်မို့ပါ
အကြင်နာအကြည့်တွေလည်း လက်ခံသူမဲ့လို့
တဖက်သတ်ပါပဲ
တိတ်တဆိတ်နောက်ကွယ်က
ကြိတ်မှိတ်ငိုကြွေး ဖြူစင်တဲ့မင်းအပြုံးလေးနဲ့
နှစ်သိမ့်ခွင့်လေးတောင်မရှိခဲ့လို့
ရင်ခွင်တခုလုံးကွဲကြေခဲ့ရပြီ
တဖက်သတ်နဲ့ပဲ
ငါ့ခံစားချက်တွေ အသိအမှတ်ပြုသူမဲ့လို့
အနီးကပ်ဆုံးနောက်ကွယ်တနေရာက
ပေးဆပ်ရင်းနဲ့ငါဆက်ချစ်နေပါရစေ
နင်ကမသိနိုင်ခဲ့ဘူးနော်

ညီမငယ် နွေးရည်မွန်ရဲ့ ကဗျာလက်ဆောင်လေးပါ။
ကဗျာလေးအတွက်ညီမလေးနွေးနွေးကို ကျေးဇူးတင်ပါတယ်။
29.7.2010.

No comments:

Post a Comment