Saturday, February 13, 2010

(၇၉) FEB 14 VALENTINE DAY

ကျွန်တော့်မှာချစ်သူမရှိပါဘူး။ဘလော့ထဲမှာရေးနေတဲ့ချစ်သူဆိုတာကလဲ
ကျွန်တော့်အတွက်စိတ်ကူးရုံနဲ့တင် လွင့်ဝေးသွားမယ့်ချစ်သူတစ်ယောက်
ပါ။သူငယ်ချင်းတွေက ကျွန်တော့်ရေးတဲ့ကဗျာတွေ၊စာတွေကိုဖတ်ပြီးတေါ့
သက်ပြင်းချတယ်။မသိမသာခေါင်းခါကြတယ်။ဒိကောင်မလွယ်တော့ဘူးတဲ့။
ဘာပဲဖြစ်ဖြစ်လေ။လွယ်တာကလွယ်ပြီး ခက်တာကခက်ရတာပဲလေ။
ရူးသွပ်မှုတွေကိုအနားပေးလိုက်ဖို့ အခုထက်ထိတော့စိတ်ကူးမရှိခဲ့ပါဘူး။
ရိုးစင်းအေးချမ်းတဲ့ကောင်မလေးတစ်ယောက်ကို တစ်ဘ၀လုံးစာအတွက်
ရူးသွပ်စွာချစ်ခဲ့မိတယ်။ဘာပဲကြုံကြုံလေ။ကျွန်တော်ကျေနပ်စွာခံယူချင်တယ်။
စပယ်ရွက်ဖဲချပ်လေးကို ကုလားဖန်အကြိမ်ကြိမ်ထိုးခဲ့ပြီး နေ့ကောင်းရက်သား
ရွေးခဲ့တယ်။ဒီနေ့ (valentine day) လဲကျွန်တော့်အတွက်မိုးအုံ့နေတုန်းလား။

1 comment:

  1. နောက်နှစ် Valentine မှာ ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ပါစေ ...
    ကြိုးစားထား .. တစ်ခွေနဲ့ မရရင် ၂ခွေ ၃ခွေ စားနိုင်သလောက်စား.. ဟုတ်ပြီလား :P

    ReplyDelete