Tuesday, February 9, 2010

(၇၈) FEB 14 Valentine Day

တနှစ်လုံးမှာ ကျွန်တော်နဲ့မဆိုင်တဲ့တစ်နေ့ရှိတယ်။
ဗယ်လင်တိုင်းနေ့ပေါ့။ချစ်သူများနေ့တဲ့။ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...'ကလောဒီယပ်စ်' ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူ
သွေဖည်ပြီးချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့သူတော်စင်ပုဂ္ဂိုလ်ကြီးရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်အသတ်ခံရတဲ့နေ့ပါ ....သူ့ကိုဂုဏ်ပြုပြီးတော့ ချစ်သူများ
နေ့လို့သတ်မှတ်လိုက်တယ်။
ချစ်သူများနေ့တဲ့။ချစ်သူမရှိတဲ့ကျွန်တော်နဲ့မဆိုင်တဲ့တနေ့ပေါ့။ကိုယ်နဲ့မဆိုင်
ပေမယ့်စပ်စုမိပြန်တယ်။သူမကိုပေးဖို့လက်ဆောင်လေးတခုအတွက်အခုကတည်း
ကပြင်ဆင်နေမိတယ်။သူမနဲ့စတွေ့ကတည်းကရေးခဲ့တဲ့ အပြာရောင်ဒိုင်ယာ
ရီလေးရယ်။ဗယ်လင်တိုင်းကဒ်လေးနှစ်ခုရယ်။ပြီးတော့.........
အပြာရောင်ဒိုင်ယာရီလေးကိုတော့ပေးဖြစ်ချင်ခဲ့တာကြာခဲ့ပြီပဲ။ဒီအထဲမှာသူမကို
ရူးသွပ်ခဲ့မှုတွေကိုရေးထိုးမှတ်တမ်းတင်ထားခဲ့တယ်။သူမဖတ်ပြီးတော့ ကျွန်တော့်
ရင်ခုန်သံကိုနားလည်ပေးနိုင်လိမ့်မယ်လို့အစွမ်းကုန်မျှော်လင့်ခဲ့တယ်လေ။
အချိန်တွေကြာခဲ့ပြီပဲ။ဘယ်နှရာသီပျိုးထားရအုံးမလဲမသိ၊ဝေးဝေးကခိုးကြည့်ခဲ့ရ
တဲ့ညနေတွေ၊အလွမ်းတွေဖွာလန်မကြဲချင်တော့ပါဘူး။သူမနဲ့နီးချင်ခဲ့ပြီ။

No comments:

Post a Comment